Song – דמעות שקופות / Transparent Tears
Artist – יובל דיין / Yuval Dayan
Country – Israel
Language – Hebrew
Year – 2018
အစ္စရေးအဆိုတော် Yuval Dayan က ၂၀၁၂ ခုနှစ်တုန်းက အစ္စရေးနိုင်ငံရဲ့ အဆိုပြိုင်ပွဲ The Voice Israel မှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပါတယ်။ သူက ပွဲမပြီးဆုံးခင်မှာ ပြိုင်ပွဲကနေ ထွက်သွားခဲ့ပေမယ့် ၂၀၁၃ မှာ သူ့ရဲ့ ပထမဆုံး သီချင်းက အောင်မြင်မှု အတော်အတန် ရရှိခဲ့ပါတယ်။ သူ့ရဲ့ အေးချမ်းတည်ငြိမ်တဲ့ သီချင်းတွေက ဒေသခံရိုးရာ တီးလုံးတွေကို ညင်ညင်သာသာ ထည့်သွင်းထား တတ်ပါတယ်။ အခု ၂၀၁၈ နောက်ဆုံးထွက် သီချင်းကတော့ “ကြည်လင်သော မျက်ရည်များ”လို့ အမည်ရပြီး သူ့နိုင်ငံမှာ တဖြည်းဖြည်း လူကြိုက်များ လာနေပါတယ်။