Song – SIIYAADEE
Artist – Helen Berhe & Ali Birra
Country – Ethiopia
Language – Amharic
Year – 2018
အီသီယိုးပီးယား နိုင်ငံရဲ့ ခေတ်သီချင်းတွေက အနောက်တိုင်း သီချင်းပုံစံတွေနဲ့မတူပဲ သူတို့ရဲ့ ရိုးရာ အရိပ်အယောင်တွေအများကြီး လွှမ်းမိုးထားလို့ ကြားနေကြ သီချင်းတွေနဲ့မတူပဲ တစ်မူဆန်းပါတယ်။ သွက်လက်တဲ့ ရိုးရာတီးလုံးတွေနဲ့ သီချင်းသံစဉ်တွေကို jazz သံတွေ ရာစပ်ထားတာကို မကြာခဏ ကြားရမှာပဲ ဖြစ်ပါတယ်။ အီသီယိုးပီးယား နိုင်ငံက တေးဂီတ ခုံမင်ပြီး စုံလင်ဝပြောတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။