Song – Ghoomar
Artist – Shreya Ghoshal & Swaroop Khan
Country – India
Language – Hindi
Year – 2018
Bollywood ရုပ်ရှင် Padmaavat က အိန္ဒိယမှာ မကျေနပ်မှုတွေ အငြင်းပွားမှုတွေကြားက အံတုပြီး နောက်ဆုံးတော့ တစ်ကမ္ဘာလုံးက ပရိသတ်တွေရှေ့မှောက်မှာ ရာဂျစတန် သမိုင်းရဲ့ ခံညားထည်ဝါမှုကို ဖော်ကျူးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ဇာတ်ဝင်သီချင်းတွေကြောင့်ကလည်း စောင့်ရကျိုးလည်း နပ်ပါတယ်။ ရုပ်ရှင်ကို ပို ခန်းနားမြိုင်ဆိုင်အောင် ကြွယ်ဝတဲ့ သံစုံတီးဝိုင်းတွေနဲ့ တန်ဆာဆင်ထားတာက အနုပညာ ပြောင်မြောက်လှပါတယ်။ Ghoomar သီချင်းမှာတော့ အိန္ဒိယတူရိယာ တွေရဲ့ မြိုင်ဆိုင်တဲ့ အသံတွေကြားက Shreya Ghoshal ရဲ့ တင့်တယ်တဲ့ သီဆိုသံကို ကြားရမှာ ဖြစ်ပါတယ်။ ဒီသီချင်းဟာ ၆ လအတွင်းမှာပဲ Youtube ပေါ်မှာ ကြည့်ရှုနားဆင်ကြိမ်ပေါင်း သန်း ၁၆၀ ကျော်သွားပြီ ဖြစ်ပါတယ်။