Song – SIIYAADEE
Artist – Helen Berhe & Ali Birra
Country – Ethiopia
Language – Amharic
Year – 2018
အီသီယိုးပီးယား နိုင်ငံရဲ့ ခေတ်သီချင်းတွေက အနောက်တိုင်း သီချင်းပုံစံတွေနဲ့မတူပဲ သူတို့ရဲ့ ရိုးရာ အရိပ်အယောင်တွေအများကြီး လွှမ်းမိုးထားလို့ ကြားနေကြ သီချင်းတွေနဲ့မတူပဲ တစ်မူဆန်းပါတယ်။ သွက်လက်တဲ့ ရိုးရာတီးလုံးတွေနဲ့ သီချင်းသံစဉ်တွေကို jazz သံတွေ ရာစပ်ထားတာကို မကြာခဏ ကြားရမှာပဲ ဖြစ်ပါတယ်။ အီသီယိုးပီးယား နိုင်ငံက တေးဂီတ ခုံမင်ပြီး စုံလင်ဝပြောတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။
VIDEO
Song – Se Vuelve Loca
Artist – CNCO
Country – USA
Language – Spanish
Year – 2018
လက်တင်အမေရိကားမှာ လူကြိုက်အလွန်များတဲ့ လူငယ်ယောကျာ်းလေးအဖွဲ့ CNCO က လူငယ်ကြိုက်သီချင်းတွေကို စပိန်လို သီဆိုလေ့ရှိပြီး မြူးကြွတဲ့ တေးသွားတွေက ကချင်တဲ့သူတွေ အကြိုက်ဖြစ်ပါတယ်။ ၂၀၁၆ က ထွက်ခဲ့တဲ့ သူတို့ရဲ့ “Reggaetón Lento (Bailemos) ” ဆိုတဲ့ သီချင်းကတော့ အအောင်မြင်ဆုံးဖြစ်ပါတယ်။
VIDEO
Song – Ghoomar
Artist – Shreya Ghoshal & Swaroop Khan
Country – India
Language – Hindi
Year – 2018
Bollywood ရုပ်ရှင် Padmaavat က အိန္ဒိယမှာ မကျေနပ်မှုတွေ အငြင်းပွားမှုတွေကြားက အံတုပြီး နောက်ဆုံးတော့ တစ်ကမ္ဘာလုံးက ပရိသတ်တွေရှေ့မှောက်မှာ ရာဂျစတန် သမိုင်းရဲ့ ခံညားထည်ဝါမှုကို ဖော်ကျူးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ဇာတ်ဝင်သီချင်းတွေကြောင့်ကလည်း စောင့်ရကျိုးလည်း နပ်ပါတယ်။ ရုပ်ရှင်ကို ပို ခန်းနားမြိုင်ဆိုင်အောင် ကြွယ်ဝတဲ့ သံစုံတီးဝိုင်းတွေနဲ့ တန်ဆာဆင်ထားတာက အနုပညာ ပြောင်မြောက်လှပါတယ်။ Ghoomar သီချင်းမှာတော့ အိန္ဒိယတူရိယာ တွေရဲ့ မြိုင်ဆိုင်တဲ့ အသံတွေကြားက Shreya Ghoshal ရဲ့ တင့်တယ်တဲ့ သီဆိုသံကို ကြားရမှာ ဖြစ်ပါတယ်။ ဒီသီချင်းဟာ ၆ လအတွင်းမှာပဲ Youtube ပေါ်မှာ ကြည့်ရှုနားဆင်ကြိမ်ပေါင်း သန်း ၁၆၀ ကျော်သွားပြီ ဖြစ်ပါတယ်။
VIDEO
Song – דמעות שקופות / Transparent Tears
Artist – יובל דיין / Yuval Dayan
Country – Israel
Language – Hebrew
Year – 2018
အစ္စရေးအဆိုတော် Yuval Dayan က ၂၀၁၂ ခုနှစ်တုန်းက အစ္စရေးနိုင်ငံရဲ့ အဆိုပြိုင်ပွဲ The Voice Israel မှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပါတယ်။ သူက ပွဲမပြီးဆုံးခင်မှာ ပြိုင်ပွဲကနေ ထွက်သွားခဲ့ပေမယ့် ၂၀၁၃ မှာ သူ့ရဲ့ ပထမဆုံး သီချင်းက အောင်မြင်မှု အတော်အတန် ရရှိခဲ့ပါတယ်။ သူ့ရဲ့ အေးချမ်းတည်ငြိမ်တဲ့ သီချင်းတွေက ဒေသခံရိုးရာ တီးလုံးတွေကို ညင်ညင်သာသာ ထည့်သွင်းထား တတ်ပါတယ်။ အခု ၂၀၁၈ နောက်ဆုံးထွက် သီချင်းကတော့ “ကြည်လင်သော မျက်ရည်များ”လို့ အမည်ရပြီး သူ့နိုင်ငံမှာ တဖြည်းဖြည်း လူကြိုက်များ လာနေပါတယ်။
VIDEO
Celebrating World's Diversity of Cultures and Languages through Music ထွေပြားစုံလင်လှပသော ကမ္ဘာပေါ်ရှိ ယဥ်ကျေးမှုနှင့် ဘာသာစကားမျိုးမျိုးတို့ကို ဂီတမှတဆင့် ဂုဏ်ပြုတင်ဆက်ရန် နေရာ