All posts by Thant Sin

Shreya Ghoshal & Swaroop Khan – Ghoomar

Song – Ghoomar

Artist – Shreya Ghoshal & Swaroop Khan

Country – India

Language – Hindi

Year – 2018

Bollywood ရုပ်ရှင် Padmaavat က အိန္ဒိယမှာ မကျေနပ်မှုတွေ အငြင်းပွားမှုတွေကြားက အံတုပြီး နောက်ဆုံးတော့ တစ်ကမ္ဘာလုံးက ပရိသတ်တွေရှေ့မှောက်မှာ ရာဂျစတန် သမိုင်းရဲ့ ခံညားထည်ဝါမှုကို ဖော်ကျူးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ဇာတ်ဝင်သီချင်းတွေကြောင့်ကလည်း စောင့်ရကျိုးလည်း နပ်ပါတယ်။ ရုပ်ရှင်ကို ပို ခန်းနားမြိုင်ဆိုင်အောင် ကြွယ်ဝတဲ့ သံစုံတီးဝိုင်းတွေနဲ့ တန်ဆာဆင်ထားတာက အနုပညာ ပြောင်မြောက်လှပါတယ်။ Ghoomar သီချင်းမှာတော့ အိန္ဒိယတူရိယာ တွေရဲ့ မြိုင်ဆိုင်တဲ့ အသံတွေကြားက Shreya Ghoshal ရဲ့ တင့်တယ်တဲ့ သီဆိုသံကို ကြားရမှာ ဖြစ်ပါတယ်။ ဒီသီချင်းဟာ ၆ လအတွင်းမှာပဲ​ Youtube ပေါ်မှာ ကြည့်ရှုနားဆင်ကြိမ်ပေါင်း သန်း ၁၆၀ ကျော်သွားပြီ ဖြစ်ပါတယ်။

Advertisements

Yuval Dayan – Transparent Tears

Song – דמעות שקופות / Transparent Tears

Artist – יובל דיין / Yuval Dayan

Country – Israel

Language – Hebrew

Year – 2018

အစ္စရေးအဆိုတော် Yuval Dayan က ၂၀၁၂ ခုနှစ်တုန်းက အစ္စရေးနိုင်ငံရဲ့ အဆိုပြိုင်ပွဲ The Voice Israel မှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပါတယ်။ သူက ပွဲမပြီးဆုံးခင်မှာ ပြိုင်ပွဲကနေ ထွက်သွားခဲ့ပေမယ့် ၂၀၁၃ မှာ သူ့ရဲ့ ပထမဆုံး သီချင်းက အောင်မြင်မှု အတော်အတန် ရရှိခဲ့ပါတယ်။​ သူ့ရဲ့ အေးချမ်းတည်ငြိမ်တဲ့ သီချင်းတွေက ဒေသခံရိုးရာ တီးလုံးတွေကို ညင်ညင်သာသာ ထည့်သွင်းထား တတ်ပါတယ်။ အခု ၂၀၁၈ နောက်ဆုံးထွက် သီချင်းကတော့ “ကြည်လင်သော မျက်ရည်များ”လို့ အမည်ရပြီး သူ့နိုင်ငံမှာ တဖြည်းဖြည်း လူကြိုက်များ လာနေပါတယ်။